"ဆရာ့နှလုံးသား ခွန်အားပြည့်မှ တပည့်လှ"

 ၂၀၂၀ ပြည့်၊ အောက်တိုဘာလ (၅)ရက် တနင်္လါနေ့ ကမ္ဘာ့ဆရာများနေ့တွင် 

ဓမ္မစကူးလ်ဖောင်ဒေးရှင်း (ဗဟို) ဥက္ကဋ္ဌ၊ သမဏ အာဇာနည်ဆရာတော် ဘဒ္ဒန္တသိရီကဥ္စနာဘိဝံသ ရေးသားခဲ့သော 


"ဆရာ့နှလုံးသား ခွန်အားပြည့်မှ တပည့်လှ"

---------------------------------------------------------------

#ဆရာ့နှလုံးသား

#ခွန်အားပြည့်မှ

#တပည့်လှ


အောက်တိုဘာလ(၅)ရက်သည်

ကမ္ဘာ့ဆရာများနေ့တဲ့


သတ္တဝါအများစုဟာ

မိဘနှင့်သမီးသား

ဆက်နွယ်ထားသလို


ဆရာနှင့်တပည့်

အားဖြင့်လည်း

ဆက်သွယ်ထားသည်


ကာမဘုံသား

ရူပဘုံသား

အရူပဘုံသားဟု

သတ္တဝါမျိုးစုံရှိသည်


ထိုတွင်

ရူပဘုံသား

အရူပဘုံသားများနှင့်

ကာမဘုံထည်းက

နတ်အများသည်

မိဘနှင့်သမီးသား

ပုံစံအားဖြင့်

မွေးဖွားလာကြသူများ

မဟုတ်ကြဘဲ

ကံအားလျော်စွာ

ဖြစ်ပေါ်လာကြသည်


မိဘနှင့်သားသမီး

မဆက်စပ်ကြသော်လည်း

ဆရာ တပည့်အားဖြင့်ကား

ဆက်စပ်နေကြသည်


သို့ဖြစ်၍

မိဘနှင့်သားသမီး

ဆက်စပ်မှုသည်

မရှိသည့်နေရာ

ရှိနိုင်သော်လည်း


ဆရာ တပည့်

ဆက်စပ်မှုကား

နေရာတိုင်းပင်

ရှိနိုင်ပါသည်


ထိုဆရာ တပည့်သည်လည်း

လောကဆရာ

ဓမ်မဆရာ


ဗာလဆရာ

ပဏ္ဍိတဆရာဟု

အမျိုးမျိုးရှိရာ


လောကဆရာ

ဓမ်မဆရာ

မည်သည့်ဆရာဖြစ်စေ


ပဏ္ဍိတဆရာ ဖြစ်ဖို့


ပဏ္ဍိတဆရာနှင့်တွေ့ဖို့ကား

အထူး အရေးကြီးလှပါသည်


ပဏ္ဍိတဆရာ၏

နှလုံးသားကား


သတိဉာဏ်ယှဥ်

ဆင်ခြင်ပြုလုပ်သူ

ဖြစ်ခြင်းကြောင့်

ခွန်အားပြည့်ဝ၍

တပည့်တို့အတွက်

ခွန်အားဖြစ်စေ

လှနေစေမည်ဖြစ်သည်


ဗာလဆရာ၏

နှလုံးသားကား


သတိဉာဏ်ကင်း

မိုက်မဲစွာ

ပြုလုပ်ခြင်းကြောင့်


ခွန်အားချိနဲ့

စွမ်းအားမဲ့နေမည်ဖြစ်၍

တပည့်တို့အစွမ်း

ခြောက်ခမ်းကျိုးပဲ့

အလှမဲ့စေမည့်

သစ်ခြောက်ပင်ဆရာ

ဖြစ်နေမှာပါတကား


သမဏ အာဇာနည်

အရှင်သိရီကဉ္စနာဘိဝံသ

05-10-2019


------------------------------------


#အရိပ်ငါးမျိုး

   #လူ့တန်ခိုး


#သုခါ ရုက်ခဿ ဆာယာစ

   တတော ညာတိ မာတာပိတု

   တတော အာစရိယော ရညော

   တတော ဗုဒ္ဓဿ နေကဓာ


#ဤအရှင်က ကဗျာဖြင့် 

မှတ်တမ်းပြုပါရစေ


၁/

#သစ်ပင်ရိပ်အေး


သစ်ပင်ရိပ်ကား ခိုဝင်နား 

အများသတ္တဝါ

    ချမ်းသာစေ


၂/

#မိဘနှစ်ပါးနှင့်

#ဆွေမျိုးရိပ်အေး


သစ်ပင်ရိပ်တွေ ချမ်းသာစေထက် မျိုးဆွေ မိဘ  

အရိပ်က ဆထက်တိုး၍ ချမ်းသာစေ


၃/

#ဆရာရိပ်အေး


မိဘရိပ်နှင့် ဆွေရိပ်မြင့်ထက် အကျင့် ကောင်းလတ် ပညာတတ်သူ ဆရာဟူ ရိပ်ဖြူ ပို၍ ချမ်းသာစေ


၄/

#မင်းရိပ်အေး


ဆရာပေးလတ် အရိပ်ဓာတ်ထက် မင်းမြတ် ဂုဏ်တံဆိပ်

မင်းကောင်းရိပ် မင်းရိပ်ပို၍ ချမ်းသာစေ


၅/

#ဗုဒ္ဓရိပ်အေး


မင်းပေးရိပ်ထက် ဗုဒ္ဓမြွက်ကြား မြတ်တရား

ရိပ်ကား တုမရှိ ချမ်းသာစေ


#မိဘ ဆွေရင်း 

ဆရာ မင်းဟူ ဂုဏ်ကင်းသူ

ရိပ်ပူ ရိပ်မည်း (ရိပ်မဲ) ဆင်းရဲစေ


# မိဘ ဆွေရင်း 

ဆရာ မင်းဟူ ဂုဏ်ပြည့်သူ

  ရိပ်ဖြူ ရိပ်အေး ချမ်းသာစေ


#အရိပ်ဖြူအေး ငြိမ်းချမ်းပေး 

ကြိုတွေး တည်ဆောက်စေ


အရှင်သိရီကဉ္စနာဘိဝံသ



Post a Comment

0 Comments